2020 Promotion and Transfer Application

၁။ မန္တလေးကွန်ပျူတာတက္ကသိုလ်သို့ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ရာထူးတိုးမြှင့်/ ပြောင်းရွှေ့ လျှောက်ထားနိုင်ပါသည်-

     (က)ကွန်ပျူတာဆိုင်ရာဘာသာရပ်များ/ITဘာသာရပ်များ/တွက်ချက်ရေးသင်္ချာ/ရူပဗေဒ/အင်္ဂလိပ်စာ/မြန်မာစာ ဘာသာရပ်များတွင် ပါရဂူဘွဲ့(သို့မဟုတ်) မဟာဘွဲ့ရရှိထားသူ
     (ခ) အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်များတွင် သင်ကြားရေးတာဝန်ထမ်းဆောင်နေသူ
     (ဂ) အဆင့်မြင့်ပညာဦးစီးဌာနကသတ်မှတ်ထားသော တက္ကသိုလ်၊ဒီဂရီကောလိပ်အလိုက် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် အသားတင်ကာလပြည့်မီသူ
     (ဃ) သက်ဆိုင်ရာတက္ကသိုလ်အကြီးအကဲ၏ခွင့်ပြုချက်ရရှိသူ
     (င) သင်ကြားရေးနှင့်သုတေသနလုပ်ငန်းများကို စိတ်ဝင်စားစွာ အချိန်နှင့်တပြေးညီ ကြိုးစားဆောင်ရွက်နိုင်သူ

၂။ ရာထူးတိုးအတွက်လိုအပ်သောအရည်အချင်းသတ်မှတ်ချက်

  စဉ်    တိုးမြှင့်မည့်ရာထူးအမည်နှင့် လစာနှုန်းကျပ်  လိုအပ်သော အရည်အချင်းသတ်မှတ်ချက်
  ၁   ပါမောက္ခ
(၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀)
(က) ပါရဂူဘွဲ့ရရှိပြီး 1st Author (၂)စောင် ထုတ်ဝေထားသူ
(ခ) တွဲဖက်ပါမောက္ခရာထူး အသားတင်လုပ်သက် (၁)နှစ်ပြည့်သူ
(ဂ) ပြစ်ဒဏ်ကာလအတွင်း မဟုတ်သူ
  ၂   တွဲဖက်ပါမောက္ခ
(၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀)
(က) ပါရဂူဘွဲ့ရရှိပြီးသူ (သို့မဟုတ်) မဟာဘွဲ့ရရှိပြီး 1st Author (၂)စောင် (သို့မဟုတ်) 1st Author (၁)စောင် + Co Author (၁)စောင် စုစုပေါင်းသုတေသနစာတမ်း (၂)စောင်ထုတ်ဝေထားသူ
(ခ) ကထိကရာထူးတွင် အသားတင်လုပ်သက် (၃)နှစ်ပြည့်သူ
(ဂ) ပြစ်ဒဏ်ကာလအတွင်း မဟုတ်သူ
  ၃   ကထိက
(၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀)
(က) အနည်းဆုံးမဟာဘွဲ့ရရှိပြီးသူ
(ခ) လက်ထောက်ကထိကရာထူးတွင်အသားတင်လုပ်သက်(၃)နှစ်ပြည့်သူ
(ဂ) ပြစ်ဒဏ်ကာလအတွင်း မဟုတ်သူ
  ၄   လက်ထောက်ကထိက
(၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)
(က) အနည်းဆုံးမဟာဘွဲ့ရရှိပြီးသူ
(ခ) နည်းပြ/သရုပ်ပြရာထူးတွင် အသားတင်လုပ်သက် (၃)နှစ်ပြည့်သူ
(ဂ) ပြစ်ဒဏ်ကာလအတွင်းမဟုတ်သူ
မှတ်ချက်။ ရာထူးအားလုံးအတွက် လုပ်သက်ကာလအား (၃၁-၁၂-၂၀၂၀ )ရက်နေ့ထိသတ်မှတ်သည်။


၃။အချက်အလက်ပြည့်စုံသူများအား အွန်လိုင်းဖြင့် လူတွေ့စစ်ဆေးမည်။
၄။ အဆိုပြုလျှောက်ထားသူများသည် အောက်ပါ အထောက်အထားနှင့်စာရွက်စာတမ်းများကို ပါမောက္ခ/ဌာနမှူးနှင့် ပါမောက္ခချုပ်/ကျောင်းအုပ်ကြီးတို့ကအတည်ပြုလက်မှတ်ရေးထိုးပြီး ပါမောက္ခချုပ်/ကျောင်းအုပ်ကြီးများမှတဆင့်မန္တလေးကွန်ပျူတာတက္ကသိုလ်၊ပါမောက္ခချုပ်ထံလိပ်မူ၍ rectoroffice@ucsm.edu.mm သို့ (၁၂-၁၀-၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပူးတွဲပေးပို့နိုင်ပါသည်-

     (က) ရာထူးတိုးမြှင့်ခန့်ထားရန်အဆိုပြုလွှာ (သို့မဟုတ်) ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် လျှောက်ထား သူများ ဖြည့်စွက်ရန်ပုံစံများ နှင့် အထောက်အထားများ
(လျှောက်လွှာများကို မန္တလေးကွန်ပျူတာတက္ကသိုလ် ဝက်ဆိုဒ် www.ucsm.edu.mm တွင် ရယူနိုင် ပါသည်။)
     Promotion Form Download
     Transfer Form Download

     (ခ)ဘွဲ့လက်မှတ်မိတ္တူများ

     (ဂ)ရေးသားထုတ်ဝေခဲ့သည့်သုတေသနစာစောင် အထောက်အထားများ

     (ဃ)သင်ကြားရေးတွင်လုပ်ဆောင်ခဲ့မှုများ

     (င) လုပ်သက်အတွက်အမှတ်တွက်ပုံ (၃၁-၁၂-၂၀၂၀ထိ တွက်ချက်ရန်)  (Download)

     (စ)ဝဖ အကဲဖြတ်မှတ်တမ်း
     (Download for Professor and Associate Professor)
     (Download for Lecturer and Assistant Lecturer)

     (ဆ)ရာထူးတိုးရန်အဆိုပြုတင်ပြထားသူတစ်ဦးချင်းအတွက်သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးနှင့် ပါမောက္ခချုပ် / ကျောင်းအုပ်ကြီးတို့က စိစစ်ချက်ပုံစံ   (Download)

     (ဇ)အပြောင်းလျှောက်ထားသူများအတွက်လက်ရှိတက္ကသိုလ်လုပ်သက်ခွင့်၊ဆေးခွင့်၊ လစာမဲ့ခွင့် ခံစားမှု မှတ်တမ်း(စီမံအရာထမ်းနှင့် သက်ဆိုင်ရာ ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီး လက်မှတ် ရေးထိုးလျက်)   (Download)

၅။ ရာထူးခေါ်စာနှင့်သတ်မှတ်ပုံစံများကိုအဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိတက္ကသိုလ်၊ဒီဂရီကောလိပ်များသို့ အီးမေးလ်ဖြင့်လည်းဖြန့်ဝေပေးပို့ထားမည်ဖြစ်ပါသည်၊


၆။ အသေးစိတ်သိရှိလိုပါက မန္တလေးကွန်ပျူတာတက္ကသိုလ်၊ စီမံရေးရာဌာနမှူး (ဖုန်း- ၀၉ ၇၆၉၀ ၉၆၀၄၃) သို့ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မှတ်ချက်

(က)သီးခြားတက္ကသိုလ်တစ်ခုထက် ပိုမိုလျှောက်ထားပါက ဦးစားပေးရွေးချယ်လိုသော ဆန္ဒပြုဇယားကို လျှောက်လွှာတိုင်းတွင်တူညီစွာဖြည့်စွက်ရမည်။ ကိုက်ညီမှုမရှိသောလျှောက်လွှာများကို ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

(ခ) မန္တလေးကွန်ပျူတာတက္ကသိုလ်၏ လုပ်ငန်းလိုအပ်ချက်ကို ဦးစားပေးစဉ်းစားမည်ဖြစ်ပါသည်။


UCSM

Contact