Ph.D & Master Entrance

University of Computer Studies, Mandalay

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
မန္တလေးကွန်ပျူတာတက္ကသိုလ်
ပါရဂူဘွဲ့နှင့် မဟာဘွဲ့ (M.C.Sc./M.C.Tech.) သင်တန်းများအတွက် သင်တန်းသားများခေါ်ယူခြင်း

           မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သတင်းအချက်အလက်နည်းပညာပါရဂူဘွဲ့ Ph.D.(IT) သင်တန်း အပတ်စဉ် (၁၂) နှင့် မဟာကွန်ပျူတာသိပ္ပံနှင့် မဟာကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။

               Ph.D.(IT) သင်တန်းသို့ တက်ခွင့်ရရန် ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လျှောက်ထားသူများသည် အရည်အချင်းစစ်ဝင်ခွင့်စာမေးပွဲ (Entrance Exam) ကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်ပါက လူတွေ့စစ်ဆေးမှုကို ဖြေဆိုရမည် ဖြစ်ပါသည်။
               IT ပညာရပ်နယ်ပယ်တွင် လုပ်သက်အတွေ့အကြုံ (၁၅)နှစ် နှင့်အထက်ရှိပြီး IT ဘာသာရပ်တွင် မဟာဘွဲ့တစ်ခုခုရရှိသူများသည် Ph.D.(IT) (Research Only) သင်တန်းအတွက် အရည်အချင်းစစ်ဝင်ခွင့်စာမေးပွဲ (Entrance Exam) ဖြေဆိုစရာမလိုပဲ သီးခြား လျှောက်ထားနိုင်ပြီး လူတွေ့ဖြေဆိုကြရမည်ဖြစ်သည်။ ထိုသင်တန်းများအတွက် သင်တန်းသား/သူများ  ခေါ်ယူသည့် အသေးစိတ် အချက်အလက်များကို အောက်တွင် ဖော်ပြထားပါသည်။

သင်တန်း လျှောက်လွှာများကို အောက်ပါ Download Link များတွင် ရယူနိုင်ပါသည်။

Download

Download Research Only