၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်ခဲ့သူဖြစ်ရမည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၅၀)နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်သည်။ စုစုပေါင်းကျောင်းသား၊ကျောင်းသူဦးရေ (၂၅၀)ဦးလက်ခံမည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိစာစစ်ဌာနများမှ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် ဖြေဆိုအောင်မြင်သူများလျှောက်ထားနိုင်သည်။
ဝင်ခွင့်လျှောက်ထားသူသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှုဉပဒေနှင့် ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။
အခြေခံပညာအထက်တန်းကျောင်းများတွင် ထုတ်ပေးသောတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ဖြင့် မန္တလေးကွန်ပျူတာတက္ကသိုလ်သို့တိုက်ရိုက်လျှောက်ထားရမည်။
သင်တန်းကာလမှာ (၅)နှစ်ဖြစ်ပြီးအထူးပြုဘာသာရပ်အလိုက် အောင်မြင်ပြီးမြောက်သူများကိုအောက်ပါ ကွန်ပျူတာဆိုင်ရာဘွဲ့များကိုပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။
(၁) ကွန်ပျူတာသိပ္ပံဘွဲ့(ပရိုဂရမ်အင်ဂျင်နီယာ)
B. C. Sc. (Software Engineering)
(၂) ကွန်ပျူတာသိပ္ပံဘွဲ့(အသိပညာအင်ဂျင်နီယာ)
B. C. Sc. (Knowledge Engineering)
(၃)ကွန်ပျူတာသိပ္ပံဘွဲ့(စီးပွားရေးသတင်းအချက်အလက်စနစ်)
B. C. Sc. (Business Information System)
(၄)ကွန်ပျူတာသိပ္ပံဘွဲ့(စွမ်းရည်မြင့်တွက်ချက်မှုပညာ)
B. C. Sc. (High Performance Computing)
(၅)ကွန်ပျူတာနည်းပညာဘွဲ့(ဆက်သွယ်ရေးနှင့်ကွန်ရက်ပညာ)
B. C. Tech. (Computer Communication and Networks)
(၆)ကွန်ပျူတာနည်းပညာဘွဲ့(မြှုပ်နှံထိန်းချုပ်စနစ်)
B. C. Tech. (Embedded Systems)
အဆင့်မီပါကမဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများသို့ အဆင့်ဆင့်ဆက်လက်တက်ရောက်ခွင့်ရှိသည်။
အသေးစိတ်သိရှိလိုပါကမန္တလေးကွန်ပျူတာတက္ကသိုလ် ဖုန်း – ၀၉ ၇၈၆၅၀၂၂၁၅၊ ၀၉ ၇၅၂၃၀၂၁၁၅ သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။