၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အောင်မြင်ခဲ့ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်သို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား/ သူများ စာရင်းကို အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
ပထမနှစ်သင်တန်းများကို ၁-၁၂-၂၀၂၆ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းဝင်မှတ်ပုံတင်ခြင်းကို မန္တလေးကွန်ပျူတာတက္ကသိုလ်၏ Student Information System (https://sis.ucsm.edu.mm)တွင် ဝင်ရောက်ပြီး ကျောင်းအပ်နှံနိုင်ပြီ ဖြစ်ပါသည်။
မန္တလေးကွန်ပျူတာ တက္ကသိုလ်တွင်လည်း ၁၉-၁၁-၂၀၂၆ ရက်မှ စတင်၍ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ သိရှိလိုသည်များကို ကျောင်းသားရေးရာ ဖုန်းနံပါတ် – ၀၉-၇၈၃၃၃၀၆၆၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။