Entrance Application Information

University of Computer Studies, Mandalay

ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
မန္တလေးကွန်ပျူတာတက္ကသိုလ်
ပထမနှစ်သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

(က) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် အောင်မြင်ပြီး အင်္ဂလိပ်စာနှင့်သင်္ချာ (၂)ဘာသာ စုစုပေါင်း ရမှတ် (၁၄၀) နှင့် အထက် ရရှိသူများ ထပ်မံ လျှောက်ထားနိုင်သည်။
(ခ) ၁၅-၁၀-၂၀၁၉ ရက်(အင်္ဂါနေ့) နောက်ဆုံးထား၍ မန္တလေးကွန်ပျူတာတက္ကသိုလ်သို့ သတ်မှတ်လျှောက်လွှာ ပုံစံဖြင့် တိုက်ရိုက် လျှောက်ထားနိုင်သည်။
ဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်။
(၁) တက္ကသိုလ်ဝင်တန်းအောင် လက်မှတ် (သို့) အောင်မြင်ကြောင်းထောက်ခံစာ၊
(၂) အမှတ်စာရင်း (မူရင်း)၊
(၃) နိုင်ငံသားစိစစ်ရေးကဒ်ပြား(မိတ္တူ) (သို့) နိုင်ငံသားလက်မှတ်(မိတ္တူ) (သို့) နိုင်ငံသားဖြစ်ရန် လျှောက်ထားဆဲဖြစ်ပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံစာမူရင်း။
(ဂ) သင်တန်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဖုန်း – ၀၉-၇၅၂၃၀၂၁၁၅ နှင့် ၀၉-၇၈၆၅၀၅၀၁၂ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
 လျှောက်လွှာပုံစံကို အောက်ပါ Link မှ ရယူနိုင်ပါသည်။

Download Application Form(2019-2020)

UCSM Hostel Application Form