Events

University of Computer Studies, Mandalay

The Science Festival 2025

သိပ္ပံပွဲတော် Science Festival 2025 ကို Naypyitaw State Polytechnic University (NSPU) ၌ နိုဝင်ဘာလ ၂၄ ရက်နေ့ မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ရာ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ Smart Education System, Real-Time Myanmar Alphabetical Hand Gesture Recognition System, and Real-Time Facial Expression Recognition System အစရှိသည့်စနစ်များကို ကျောင်းသား ကျောင်းးသူများမှ ပါဝင်ပြသခဲ့ကြပါသည်။

Fifth Year

Smart Education System သည် ကျောင်းသား/သူများ၏ Academic Records များကို စီမံခန့်ခွဲနိုင်ပြီး မိဘများအနေဖြင့် မိမိ၏သားသမီးများပညာရေးတိုးတက်မှုအခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်နိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ထားသောစနစ်တစ်ခုဖြစ်သည်။

Fourth Year

အကြားအာရုံဖြင့်ဆက်သွယ်ပြောဆိုရန်အခက်အခဲရှိသူများကို အထောက်အပံ့ပေးရန်ရည်ရွယ်၍ လက်ဟန်အမူအရာများအား မြန်မာအက္ခရာ Editable text အဖြစ်သို့ပြောင်းပေးပြီး နားလည်လွယ်ကူစေရန်အကောင်အထည်ဖော်ထားသော စနစ်တစ်ခုဖြစ်ပါသည်။

Fourth Year

လူသားများ၏မျက်နှာအမူအရာများမှတဆင့် စိတ်ခံစားမှုများကိုခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် သင်ယူလေ့လာသည့် platformများ၊ ကျန်းမာရေးအစရှိသည့်နယ်ပယ်များတွင် ပေါင်းစပ်အသုံးပြုနိုင်ရန်ရည်ရွယ်တည်ဆောက်ထားသော စနစ်တစ်ခုဖြစ်သည်။

UCSM students and Participants